အခန်းကြီး(၃၀)
၁ရာခေလသည် ယာကုပ်အားသားမဘွားကြောင်းကို မိမိသိမြင်သောအခါ၊ အစ်မကိုငြူစူသော စိတ်ရှိ၍၊ ငါ့အား သားကိုပေးပါ။ သို့မဟုတ်ငါသေတောအံ့ဟု ယာကုပ်ကိုဆိုလေ၏။ ၂ယာကုပ်ကလည်း၊ ငါသည်သင့်အား သားဘွား သောအခွင့်ကိုပေးတော်မမူသော ဘုရားသခင်ကိုယ်စားတော်ဖြစ်သလောဟု၊ ရာခေလကို အမျက်ထွက်၍ ပြန်ဆို၏။ ၃ရာခေလကလည်း၊ အကျွန်ုပ်၌ကျွန်မဗိလဟာရှိပါ၏။ သူ့ထံသို့ဝင်ပါ။ သူသည်အကျွန်ုပ်ဒူးပေါ်မှာ သားဘွား၍၊ သူ့အား ဖြင့် အကျွန်ုပ်သည် တည်ဆောက်ြခင်းရှိပါလိမ့်မည်ဟု ဆိုလျက်၊ ၄ကျွန်မဗိလဟာကို ယာကုပ်၏ မယားဖြစ်စေခြင်းငှါ အပ်၍၊ သူ့ထံသို့ ယာကုပ်ဝင်လေ၏။ ၅ဗိလဟာသည် ပဋိသန္ဓြေွယူ၍၊ ယာကုပ်အား သားကိုဘွားမြင်သည်ရှိသော်၊ ၆ရာခေလက၊ ဘုရားသခင်သည် ငါ့ဘက်၌ တရားစီရင်တော်မူပြီ။ င့ါစကားကိုကြား၍ သားကိုပေးသနားတော်မူပြီဟု ဆိုသည်နှင့် အညီ၊ ထိုသားကို ဒန်အမည်ဖြင့်မှည့်လေ၏။ ၇တဖန် ရာခေလ၏ကျွန်မ ဗိလဟာသည် ပဋိသန္ဓြေွယူပြန်၍၊ ယာကုပ်အား နှစ်ကြိမ်မြောက်သောသားကို ဘွားမြင်သည်ရှိသော်၊ ၈ရာခေလက၊ ငါသည်ငါ့အစ်မနှင့် ကျပ်ကျပ်လုံး ထွေး၍ နိုင်ခဲ့ပြီဟု ဆို၍၊ ထိုသားကိုနဿလိအမည်ဖြင့် မှည့်လေ၏။
၉လေအာသည် သာပြတ်၍ မဘွားဘဲနေကြောင်းကို မိမိသိမြင်သောအခါ၊ မိမိကျွန်မ ဇိလပကိုယူ၍၊ ယာကုပ် မယားဖြစ်စေခြင်းငှါ အပ်လေ၏။ ၁ဝလေအာ၏ ကျွန်မ ဇိလပသည်လည်း ယာကုပ်အားသားကို ဘွားမြင်သည် ရှိသော်၊ ၁၁လေအာက၊ ကောင်းကျိုးလာသည်ဟု ဆို၍၊ ထိုသားကို ဂဒ်အမည်ဖြင့်မှည့်လေ၏။ ၁၂တဖန်လေအာ၏ ကျွန်မဇိလပ သည် ယာကုပ်အားနှစ်ကြိမ်မြောက်သောသားကို ဘွားမြင်သည် ရှိသော်၊ ၁၃လေအာက၊ ငါ၌မင်္ဂလာရှိ၏။ သူသမီးတို့ သည် ငါ့ကိုမင်္ဂလာရှိသောသူဟူ၍ ခေါ်ကြလိမ့်မည်ဟု ဆိုသဖြင့်၊ ထိုသားကို အာရှာအမည်ဖြင့် မှည့်လေ၏။
၁၄ထိုနောက် ဂျုံစပါးကို စုသိမ်းသော အချိန်ကာလ၌၊ ရုဗင်သည် လယ်ပြင်သို့ထွက်သွားပြီးလျှင်၊ အနုဆေးသီး ကို တွေ့၍၊ မိမိအမိလေအာထံသို့ ဆောင်ခဲ့လေ၏။ ရာခေလကလည်း၊ သင်၏သားရခဲ့သော အနုဆေးသီးအချို့ကို ပေးပါလော့ဟု၊ လေအာကိုတောင်းလျှင်၊ ၁၅လေအာက၊ သင်သည် ငါ့လင်ကိုယူ၍ အတွက်မရှိ ထင်သလော၊ ငါ့သား၏ အနုဆေးသီးကိုလည်း ယူချင်သေးသည်တကားဟု ဆိုလေသော်၊ ရာခေလက၊ သို့ဖြစ်လျှင်၊ သင့်သား၏ အနုဆေးသီးအတွက်၊ သင်သည် ယနေ့ညဥ့်တွင်သင်နှင် အိပ်ရမည်ဟုဆို၏။ ၁၆ညဦးအချိန်၌၊ လယ်ပြင်မှ ယာကုပ်လာသောအခါ၊ လေအာသည် ခရီးဦးကြိုပြုခြင်းငှါ သွား၍၊ သင်သည် အကျွန်ုပ်ထံသို့ဝင်ရမည်။ အကျွန်ုပ်၏ သားရခဲ့သော အနုဆေးသီးနှင့် သင့်ကိုအကျွန်ုပ်ငှါးသည် မှန်ပါ၏ဟု ဆိုသဖြင့်၊ ထိုနေ့ညဥ့်တွင် သူနှင့် အိပ်ရလေ၏။ ၁၇လေအာစကားကို ဘုရားသခင်နားထောင်တော်မူသဖြင့်၊ သူသည် ပဋိသန္ဓြေွယူပြန်၍၊ ယာကုပ်အား ပဉ္စမသားကို ဘွားမြင်လေ သော်၊ ၁၈ငါ့ကျွန်မကို ငါ့လင်အားပေးသောကြောင့်၊ ဘုရားသခင်သည် ငါ့အားအခကိုပေးတော်မူ ပြီဟုဆို၍၊ ထိုသားကို ဣသခါ အမည်ဖြင့်မှည့်လေ၏။ ၁၉တဖန်လေအာသည် ပဋိသန္ဓြေွယူပြန်၍၊ ယာကုပ်အား ဆဌမသားကို ဘွားမြင်လေသော်၊ ၂ဝဘုရားသခင်သည်၊ ကောင်းသောလက်ဖွဲ့ကို ပေးသနားတော်မူပြီ။ ငါ့လင်အားသားခြောက် ယောက်ကို ဘွားမြင်သောကြောင့်၊ ယခုငါနှင့် အမြဲနေလိမ့်မည်ဟု ဆို၍၊ ထိုသားကိုဇာဗုလုန် အမည်ဖြင့်မှည့်လေ၏။ ၂၁ထိုနောက်မှ သမီးကိုဘွား၍ ဒိနအမည်ဖြင့် မှည့်လေ၏။
၂၂ထိုအခါ ဘုရားသခင်သည် ရာခေလကိုအောက်မေ့တော်မူ၏။ သူ၏စကားကိုနားထောင်၍၊ သားဘွား သောအခွင့်ကို ပေးတော်မူသဖြင့်၊ ၂၃သူသည်ပဋိသန္ဓြေွယူ၍ သားကိုဘွားမြင်လျှင်၊ ငါခံရသောကဲ့ရဲ့ခြင်း အကြောင်းကို ဘုရားသခင်သည် ပယ်တော်မူပြီဟူ၍၄င်း၊ ၂၄ထာဝရဘုရားသည် အခြားသောသားကို ထပ်၍ပေးတော်မူပါစေသော ဟူ၍၄င်းဆိုလျက်၊ ထိုသားကိုယောသပ်အမည်ဖြင့် မှည့်လေ၏။
၂၅ရာခေလသည် ယောသပ်ကိုဘွားမြင်ပြီးသောနောက်၊ ယာကုပ်က၊ အကျွန်ုပ်သည် ကိုယ်နေရင်း ပြည်သို့ သွားမည်အကြောင်း အကျွန်ုပ်ကို လွှတ်ပါလော့။ ၂၆ကျွန်ုပ်သည် အစေခံ၍ရသော မယားနှင့် သားတို့ကိုဆောင်ယူ၍၊ သွားရသောအခွင့်ကို ပေးပါလော့။ ကျွန်ုပ်အစေခံသည် အကြောင်းကိုအဘသိ ပါသည်ဟု လာဗန်အားဆိုလျှင်၊ ၂၇လာဗန်က၊ သင်၏စိတ်နှင့် တွေ့ပါစေ။ ထာဝရဘုရား သည်သင်၏ အကြောင်းကြောင့် ငါ့အားကောင်းကြီး ပေးတော်မူသည်ကို ငါရိပ်မိပြီ။ ၂၈ငါပေးရမည်အခကိုပြောပါ၊ ငါပေးမည်ဟု ဆိုလေသော်၊ ၂၉ကျွန်ုပ်သည် အဘ၌အဘယ်သို့ အစေခံသည်ကို၎င်း၊ အဘ၏ တိရစ္ဆာန်တို့သည် ကျွန်ုပ်အဘယ်သို့ရှိနေသည်ကို၎င်း အဘသိပါ၏။ ၃ဝအထက်ကအဘ၏ ဥစ္စာနည်းလှ၏။ ယခုတိုးပွါး၍ များပြားလျက် ရှိ၏။ ကျွန်ုပ်သွားလာ လုပ်ကိုင်သော အားဖြင့်၊ ထာဝရဘုရားသည် အဘအား ကောင်းကြီးပေးတော်မူပြီ။ ယခုမှာ၊ ကျွန်ုပ်သည် ကိုယ်အိမ်သူအိမ်သားတို့ကို အဘယ်သောအခါ ကျွန်ုပ်ပြု စုရပါအံ့နည်းဟု ဆိုလေ၏။ ၃၁လာဗန်ကလည်း၊ အဘယ်အခကို ပေးရမည်နည်းဟု မေးပြန်လျှင်၊ ယာကုပ်က၊ ဘာကိုမျှမပေးပါနှင့်။ ကျွန်ုပ်၌ ကျေးဇူးတခုပြုလိုလျှင်၊ အဘ၏ သို့စု၊ ဆိတ်စုကို တဖန် ကျွေးမွေးစောင့် ထိန်းပါဦးမည်။ ၃၂ယနေ့သိုးစု၊ ဆိတ်စုတရှောက်လုံးကို ကျွန်ုပ်သွား၍၊ ပြောက်ကျားသောဆိတ်များ၊ ညိုသောသိုးများ ရှိသမျှတို့ကို ရွေးနှုတ်ခွဲထားပါမည်။ နောက်မှ ပြောက်ကျားသော ဆိတ်၊ ညိုသော သိုးတို့သည် ကျွန်ုပ်၏အခဖြစ်စေလော့။ ၃၃သို့ဖြစ်၍၊ နောင်ကာလ၌ ကျွန်ုပ်၏အခသည်၊ အဘရှေ့သို့ ရောက်သောအခါ၊ ကျွန်ုပ်၏ဖြောင့်မတ်ခြင်းသည် ကျွန်ုပ်ကို စောင့်ရှောက်ပါလိမ့်မည်။ မပြောက်မကျားသော ဆိတ်၊ မညိုသောသိုး ရှိသမျှတို့ကို၊ ကျွန်ုပ်ခိုးသောအကောင်ဟူ၍ မှတ်စေလော့ဟု ဆိုလေ၏။ ၃၄လာဗန်ကလည်း၊ သင်ပြောတိုင်းဖြစ်စေလော့ဟု ဝန်ခံ၍၊ ထိုနေ့၌ပင်၊ ပြောက်ကျားသောဆိတ်ထီး၊ ပြောက်ကျားသောဆိတ်မ၊ ၃၅အဖြူ ပါသောဆိတ် ရှိသမျှတို့နှင့်၊ အဆင်းညိုသောသိုး ရှိသမျှတို့ကိုရွေး၍၊ မိမိသားတို့လက်သို့ အပ်ပေးလေ၏။ ၃၆ကိုယ်နေရာအရပ်နှင့်၊ ယာကုပ်နေရာအရပ်ကို သုံးရက်ခရီးကွာ စေခြင်းငှါ စီရင်သေး၏။ ယာကုပ်သည် ကြွင်းသော လာဗန်၏ သိုးဆိတ်များကို ထိန်းလျက်နေရလေ၏။
၃၇ထိုအခါ ယာကုပ်သည်၊ စိမ်းသော လိဗနာပင်၊ လုဇပင်၊ အာရမုန်ပင်တို့၏ အခက်တန်ဖျာများ ကိုယူ၍၊ အဖြူ၊ အစိမ်း၊ အတန့်တန့်ပေါ်အောင် အခွံကိုလှီးခွါပြီးလျှင်၊ ၃၈ရေသောက်လာသောသိုး၊ ဆိတ်အထီး အမ ရှက်တင် စေမည်အကြံရှိ၍၊ ရေသောက်လာသောအခါ၊ အခွံခွာပြီးသောတံဖျာတို့ကို ရေသောက်ကျင်း၊ သောက်ခွက်တို့၌ သိုးဆိတ်တို့ရှေ့မှာ စိုက်ထားလေ၏။ ၃၉သိုးဆိတ်တို့သည် တံဖျာများရှေ့မှာ ရှက်တင်၍ အပြောက်အကျား စသည် တို့ကို ဘွားကြ၏။ ၄ဝယာကုပ်သည် သိုး၊ ဆိတ်သငယ်တို့ကိုလည်း ခွဲထား၍၊ လာဗန်၏သိုးစု၊ ဆိတ်စုတွင် အဆင်း ပြောက်ကျားသောအကောင်၊ အဆင်းညိုသောအကောင် ရှိသမျှတို့ရှေ့မှာ သိုးဆိတ်များကို မျက်နှာပြုစေ၏။ မိမိ တိရစ္ဆာန်များနှင့် လာဗန်၏တိရစ္ဆာန်များကိုလည်း မရောနှောစေဘဲ၊ တစုစီခွဲထားလေ၏။ ၄၁အားကြီးသောအကောင် တို့သည် ရှက်တင်သောအခါ တံဖျာတို့တွင် ရှက်တင်စေခြင်းငှါ၊ ယာကုပ်သည် တံဖျာများကိုရေကျင်း၌၊ သူတို့မျက် မှောက်တွင် ထားတတ်၏။ ၄၂အားနည်းသောအကောင်တို့ရှေ့မှာ တံဖျာတို့ကိုမပြမထား။ ထိုကြောင့် အားနည်း သောအကောင်တို့သည် လာဗန်၏ဥစ္စာဖြစ်လေ၏။ အားကြီးသောအကောင်တို့မူကား၊ ယာကုပ်၏ဥစ္စာဖြစ်လေ၏။ ၄၃ထိုယောက်ျား၌ စည်းစိမ်တိုးပွား၍၊ သိုး၊ ဆိတ်၊ ကျွန်ယောက်ျားကျွန်မိန်းမ၊ ကုလားအုပ်၊ မြည်းအများရှိကြ၏။